tag:blogger.com,1999:blog-72674243330932793522024-03-13T13:41:32.936-07:00All-RounderGirlAll-Rounder Girlhttp://www.blogger.com/profile/18236037916319574471noreply@blogger.comBlogger5125tag:blogger.com,1999:blog-7267424333093279352.post-74489210209716414112012-08-07T01:54:00.001-07:002012-08-07T01:54:33.057-07:00အရေးကြီးတဲ့ သံယောဇဉ် နဲ့ နားလည်မှုနှစ်ယောက်အတူနေတာ ကြာလာရင်
ကောင်မလေးက ကောင်လေးကို ပိုပိုချစ်လာတတ်တယ်
ကောင်လေးက လေးနက်မှု လျော့လျော့လာတတ်တယ်
ကောင်မလေးကို တောင်တွေးမြောက်တွေး တွေးလွန်းတယ်လို့ ကောင်လေးကပြောတယ်
ကောင်လေးက ကိုယ့်ကိုအရင်လို မချစ်တော့ဘူးလို့ ကောင်မလေးကထင်တယ်
တကယ်တော့ ဘယ်သူမှမပြောင်းလဲပါဘူး
ပြောင်းလဲသွားတာက အချိန်ပါ
အချင်းချင်းရင်းနှီးမှုတွေ တိုးတိုးလာတော့
တစ်ဘက်သားအပေါ် အကျင့်တွေဖြစ်လာခဲ့တယ်
ချစ်စကလောက် ရင်မခုန်ကြတော့ဘူး
ဒီလိုနဲ့ ကောင်မလေးက တောင်တောင်မြောက်မြောက်လျှောက်တွေးတော့တယ်

ဘယ်လိုပဲဖြစ်ဖြစ် အချစ်အပေါ် ပျင်းရိနေလို့မရဘူး
ယုယဖို့ ပျင်းတယ်၊ ချစ်တယ်လို့ပြောဖို့ ပျင်းတယ်၊ ဖုန်းဆက်ရဖို့ ပျင်းတယ်၊ နားလည်ပေးရဖို့ ပျင်းတယ်၊ .....
ချစ်စကြင်နာစက ရင်ခုန်ကြည်နူးတာတွေထက် ပျင်းရိနေခဲ့ရင်
အချစ်ဟာ ငြီးငွေ့စရာကောင်းသွားပြီး
နောက်ဆုံးမှာ တွေဝေ၊ လျှောက်တွေး၊ စွပ်စွဲ၊ ရန်ဖြစ်၊ လမ်းခွဲတာပဲကျန်ရစ်ခဲ့လိမ့်မယ်။

နိုင်းနိုင်းစနေမှာ ဖတ်ခဲ့ရတဲစာစုလေးပါ အရမ်းသဘောကျ နှစ်သက်မိခဲ့ပါတယ် girl တို့တွေလူဘ၀ကြီးမှာ ရှင်သန်နေထိုင်နေရတာ မျှော်လင့်ချက်များစွာနဲ့

အသက်ရှင်နေကြတာပါ။ အဲ့လိုမျှော်လင့်ချက်တွေထဲမှာ များသော်အားဖြင့် အချစ်ဆိုတဲ့ အရာလေးက

တော်တော်လေးကို နေရာယူလို့ထားပါတယ် ။ ငယ်ငယ်က (အချစ်ကြောင်း ဘာမှမသိခင်ကပေါ့) "မင်းမရှိရင်ငါ့အသက်မရှင်ချင်တော့ဘူးဆိုတဲ့" စကားမျိုးကြားမိပါက အရမ်းကို ရယ်ချင်မိပါတယ် အပိုတွေပေါ့သူမရှိတော့လဲဘာဖြစ်သွားမှာမို့လဲပေါ့သူနဲ့မတွေ့ခင်ကလဲကိုယ့်ဘာသာနေလာတာအစဉ်ပြေနေတာပဲပေါ့ ........အဲ့.........အသက်ကလေးနဲနဲကြီးလာလို့အချစ်ကိုစတင်ထိတွေ့မိပါပြီဆိုတဲ့အချိန်ကစပြီ အဲ့လိုစကားမျိုးကြားမိပါ ရင်မှာ မချိအောင်ခံစားရတာကို သူငယ်ချင်းတို့လဲ ခံစားဖူးမှာပါ ။အချစ်က လူဘ၀မှာ အစိတ်ပိုင်းသေးသေးလေးပဲ အရေးပါတယ်လို့ပြောကြပေမယ့် သေချာတာကတော့ 50% အပြည့် မဟုတ်ရင်တောင် 45% အောက်မလျော့ဘူးလို့ girl ထင်ပါတယ် (အချစ်ကို ပေါ့ပျက်ပျက်နဲ့ အလေးနက်မထားပဲ ရှုပ်နေတဲ့သူတွေကိုတော့ မဆိုလိုပါ) ကောင်လေးက ကောင်မလေးချစ်တာကိုသိရင်

ကောင်မလေးက ကောင်လေးချစ်တာကိုသိရင် နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ပြီဆိုတာကိုသိရင် ဘယ်လောက်ခတ်ခဲတဲ့ပြသနာတွေရှိရှိ ၊ ဘယ်လောက်ပဲစိတ်ပျက်စရာတွေရှိရှိ ၊ဘယ်လောက်ပဲနစ်နာစရာတွေရှိရှိ ၊ဘယ်လောက်ပဲနာကြင်စရာတွေရှိရှိ ချစ်သူနှစ်ဦးကို ကွဲကွာစေမယ့် ပြသနာအားလုံးကို သံယောဇဉ်ဆိုတဲ့ကြိုးလေးရယ် နားလည်မှုပေးနိုင်တယ်ဆိုတဲ့ စိတ်လေးတွေက သူငယ်ချင်းတို့တွေရဲ့

ပြသနာအားလုံးကို ဖြေရှင်းပေးသွားပါလိမ့်မယ်။ သူငယ်ချင်းများအားလုံး ချစ်သောသူနှင့်သာ ဘ၀ကို

ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ girl က ဆုတောင်းပေးလိုက်တယ်နော်။
All-Rounder Girlhttp://www.blogger.com/profile/18236037916319574471noreply@blogger.com1tag:blogger.com,1999:blog-7267424333093279352.post-66156762413172227102012-07-27T03:12:00.000-07:002012-07-27T03:12:17.433-07:00သင်သတိမထားမိသော အချို့သောအရာများ.......

Girl တို့အနေနဲ့ တစ်ချို့နေရာတွေမှာ သတိမထားမိတာလေးတွေရှိကြပါတယ် အဲ့လို သတိမထားမိတာလေးတွေ ကနေ ဖြစ်တတ်တဲ့ ဆိုးကျိုးလေးတွေ သူငယ်ချင်းများလည်း သိရအောင်လို့ girl ဖတ်မိသမျှလေးတွေ ကိုပြန်လည်ဝေမျှလိုက်ရပါတယ် ။

အလှပြင် ပစ္စည်းများ ကြောင့် ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ခြေ များ

ခန္ဓာကိုယ် တွင်းမှာ Phthalates အမည် ရှိ ဓာတု ပစ္စည်းများ စုပုံ လာ
ခြင်းနှင့် အမျိုး သမီးများတွင်ဆီးချို
သွေးချိုရောဂါဖြစ်နိုင်ခြေမြင့်မားခြင်းတို့ ဆက်စပ်နေပါတယ်လို့
ဘရင်ဟမ်အမျိုးသမီးဆေးရုံမှ သုတေသီများက တွေ့ရှိ ခဲ့ကြပါတယ်။ Phthalates
များဟာ ခန္ဓာကိုယ်တွင်းဟော်မုန်းများကို အနှောင့် အယှက်ဖြစ်စေသော
ပစ္စည်းများဖြစ်ပြီး အလှအပဆိုင်ရာပစ္စည်းများ (အစိုဓာတ်ခံ လိမ်းဆေး
(Moisturizer) ၊ လက်သည်း နီ၊ ဆပ်ပြာ၊ ဆံပင်ပုံသွင်းဖျန်းဆေး၊ ရေမွှေးစသည်)
တို့တွင် ပါဝင်နေပါတယ်။ ထိုဓာတုပစ္စည်းကို ကော်၊ လျှပ်စစ် ပစ္စည်းများ၊
အရုပ်နှင့် အခြားအရာဝတ္ထုများထုတ်လုပ်ရာတွင် အသုံးပြုကြပါ တယ်။
ယခုတွေ့ရှိချက်ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေးရှုထောင့်များ
ဂျာနယ်တွင် ဖော်ပြထားပါတယ်။

ဝသောသူငယ်ချင်းများကြောင့် ဝလာနိုင်တယ်တဲ့နော်.......

ဆယ်ကျော် သက်အရွယ် များ တွင် ကိုယ် အလေးချိန် တိုးလာရ သည့် အကြောင်း
ရင်းတစ်ခုမှာ ဘေးပတ် ဝန်းကျင်က သူငယ်ချင်းများကြောင့် ဖြစ်နိုင်ပါတယ်။ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ
ဆယ်ကျော်သက်တွေဟာ ကိုယ် အလေးချိန်များတဲ့ သူငယ်ချင်းများနှင့် တွဲလျှင်
ယင်းတို့ကိုယ်တိုင်လည်း ကိုယ်အလေးချိန်တိုးလာနိုင်ကြောင်း သိရှိရပါတယ်။
ပိန်တဲ့သူငယ်ချင်း များနှင့် တွဲသူများက ကိုယ်အလေး ချိန်ကျလာတတ်ပါတယ်တဲ့။
ဆယ် ကျော်သက်များတွင် အဝလွန်ခြင်းကို တိုက်ထုတ်ရာမှာ အဓိကကျတဲ့တွေ့
ရှိချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်အ လေးချိန်လျှော့ချတဲ့အခါ လူတစ်ဦး
ရဲ့လူမှုအသိုင်းအဝိုင်းကို ထည့်သွင်း စဉ်းစားရမှာဖြစ်ကြောင်း သုတေသီ များက
အကြံပေးကြပါတယ်။ ဖြစ် စဉ်အကြောင်းရင်း အတိအကျကို မတွေ့ရှိရသေးဘဲ
ဝသောသူငယ်ချင်း များနှင့် ကိုယ်အလေးချိန်မြင့်တက်လာ မှု ဆက်စပ်နေကြောင်းသာ
သိရှိရပါ တယ။်

ကိုယ်အလေးချိန် ထိန်းနေသူတို့အတွက် အဆိုးဆုံး အရည်များ

ကိုယ် အလေးချိန် လျော့ကျဖို့ ကြိုးစား နေရင် ဒါမှ မဟုတ် ပိုပြီး
ကျန်းမာရေး နဲ့ ညီညွတ် တဲ့ ဘဝနေထိုင်မှုပုံစံကို လိုက်နာနေရင် သင်သောက်တဲ့
အရည်တွေကို လည်း အလေးထားရပါမယ်။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းနေသူတွေ
သတိထား ရှောင်ကြဉ်သင့်တဲ့ အရည်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Juice Juice

အရည်အများစုမှာ သကြားများစွာ ထည့်ထားတာကြောင့် သင့်ကျန်းမာရေး အတွက် ၁၀ဝ ရာခိုင်နှုန်း Juiceကိုပဲ ရွေးချယ်သင့်ပါတယ်။

(၂) အမြှုပ်ထသော ခရင်မ်ပါကော်ဖီ

ဒီကော်ဖီတစ်ခွက်မှာ ကယ်လိုရီ ၈၀ဝ ကျော်နဲ့ သကြား ၁၇၀ ဂရမ်တို့ ပါဝင်ပါ
တယ်။ ဒီလို ကယ်လိုရီများများ မရရှိစေဖို့ အဆီထုတ်ထားတဲ့ နို့ပါတဲ့
အမြှုပ်မထတဲ့ ရိုးရိုးကော်ဖီကိုပဲ သောက်သင့်ပါတယ်။

(၃) အနံ့အရသာထည့်ထားသော ရေ (Flavoured Water)

ဗီတာမင် အားဖြည့်ထားတယ်ဆိုပေမယ့် အများအားဖြင့် ဆေးသကြားတွေ ပါဝင်
နေတတ်ပါတယ်။ ဒါကြောင့် အညွှန်းမှာ ရေနဲ့ သဘာဝအနံ့အရသာပါတယ်လို့ ရေး ထားမှသာ
ရွေးချယ်ပါ။ (၄) ဆော်ဒါအချိုရည် (Soda) ဆော်ဒါအချိုရည်ကို များများသောက်ရင်
အဝလွန်တာနဲ့ ဆက်စပ်နေပါတယ်။

(၅) အေးခဲနေသော အရောင်ဆိုးထားသည့် အရည်များ

အရောင်ဆိုးထားတဲ့ အချိုရည်တွေက အရောင်တု၊ အရသာအတုနဲ့ အချိုတုတွေ ထည့်ထားတတ်ပါတယ်။

(၆) အဆင်သင့် သစ်သီးဖျော်ရည်

ဈေးကွက်ထဲမှာ အဆင်သင့်ရနိုင်တဲ့ သစ်သီးဖျော်ရည်အများစုက တကယ့်သစ်သီး
တွေနဲ့ လုပ်ထားတာမဟုတ်ဘဲ သစ်သီးနံ့လေးထည့်ကာ သကြားတွေနဲ့ လုပ်ထားတာပါ။
အညွှန်းကို သေချာဖတ်ပြီးမှ ဝယ်သင့်ပါတယ်။

(၇) အရက်

အမျိုးသားဖြစ်ရင် တစ်နေ့ နှစ်ပက်၊ အမျိုးသမီးဖြစ်ရင် တစ်နေ့ တစ်ပက်ခန့်
သောက်ရုံနဲ့ အဝလွန်တာနဲ့ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ
ကြောင့် အရက်ကို မသောက်ဘဲ မနေနိုင်ရင် တတ်နိုင်သမျှ ထိန်းချုပ်သောက်ပါ။

(၈) ရယ်ဒီမိတ် ရှောက်ရည်၊ သံပရာရည် (Lemonade)

ဈေးကွက်ထဲက အဆင်သင့်သောက်နိုင်တဲ့ ရှောက်ရည်နဲ့ သံပရာရည်တို့ကို ရှောင်
ပါ။ တာရှည်ခံစေတဲ့ ပစ္စည်းတွေနဲ့ ဆိုးဆေးအရောင်တွေ ပါဝင်နေလို့ပါ။ အိမ်မှာပဲ
သံပရာသီး၊ ရှောက်သီးကိုအသုံးပြုပြီး ဖျော်ရည်ဖျော်သောက်ပါ။ သကြားအစား
ပျားရည် ထည့်သောက်ပါ။

(၉) အားကစားအချိုရည် (Sport Drink)

အားကစားလုပ်ရင်း ချွေးထွက်များတဲ့အခါ ဓာတ်ဆားရည်က အရေးပါပါတယ်။ ဒါပေမဲ့
အားကစားအချိုရည်မှာ သင့်ကျန်းမာရေးနဲ့ မသင့်တော်တဲ့ သကြားအများ အပြားနဲ့
တာရှည်ခံစေတဲ့ပစ္စည်းတွေ ပါဝင်နေပါတယ်။

(၁၀) စွမ်းအားဖြည့်အချိုရည် (Energy Drinks)

စွမ်းအားဖြည့်အချိုရည်ကို သောက်ပြီးတာနဲ့
ချက်ချင်းစွမ်းအင်ရရှိစေနိုင်ပေမယ့် ယာယီပဲ အဆင်ပြေပါလိမ့်မယ်။
အကြောင်းကတော့ ဒီအချိုရည်အများစုမှာ သကြားနဲ့ ကဖင်းဓာတ်တွေ အလွန်အမင်း
ထည့်ထားတတ်လို့ပါ။

All-Rounder Girlhttp://www.blogger.com/profile/18236037916319574471noreply@blogger.com0tag:blogger.com,1999:blog-7267424333093279352.post-69723975363257633052012-07-25T04:05:00.000-07:002012-07-25T04:05:59.280-07:00ကိုယ်ပိုင် စတိုလ်နဲ့ လန်းကြရအောင် Girl ရဲ့ ပထမဆုံး Post အနေနဲ့ Fashion နဲ့ ပက်သက်တာလေးရေးချင်ပါတယ် ခုခေတ်မှာ မိန်းခလေးတွေပဲ Fashion ကိုစိတ်ဝင်စားတာမဟုတ်ပါဘူး ယောကျားလေးတွေလဲစိတ်ဝင်စားလာကြပါပြီ

ယနေ့ခေတ်မှာ ကျော်ကြားနေတဲ့ Korea Fashion တွေနဲ့ပက်သက်ပြီး နဲနဲဆွေးနွေးကြည့်ရအောင်။ သူတို့ရဲ့ Fashion များကို လူငယ်တစ်ယောက်ဖြစ်သော girl လဲ နှစ်သက်မိပါ၏ miniskirt တိုတို လေးများကိုလဲ နှစ်သက်မိပါတယ် ။ ကိုရီးယား ဖက်ရှင်တွေကို ကျမတို့အနေနဲ့ကျတော့ နေရာတိုင်း ၀တ်လို့မသင့်တော်ပါဘူး.။ ကျမတို့နိုင်ငံက ယဉ်ကျးသိမ်မွေ့တယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုခံထားရတဲ့ မြန်မာနိုင်ငံဖြစ်နေလို့ပါပဲ ဒီတော့ ကျမစဉ်းစားမိတာက ခေတ်မှီမှီလေးနဲ့ လုံလုံခြုံခြုံ ၀တ်လို့ရမယ်ပုံစံမျိုးပေါ့ သူများအမြင်မှာလဲ ကိုယ်က ခေတ်မှီပြီးစမက်ဖြစ်နေရမယ်။ girl အနေနဲ့ အကြံပေးချင်တာကတော့ မိန်းကလေးများသည် ကိုယ်ပိုင်အလှကိုယ်ဆီရှိကြလို့ ကိုယ်ပိုင် စတိုင်လေးတွေရှိစေချင်တယ် ဒါကြေင့် girl က သူငယ်ချင်းများ ကိုယ်နဲ့လိုက်မယ့် ပုံစံလေးတွေ ရွေးချယ်ရာမှာ အထောက်ကူဖြစ်စေဖို့ လုံလုံခြုံခြုံ လေးနဲ့ လန်းမယ် ပုံလေးတွေ တင်ပေးထားတယ်နော် သူငယ်ချင်းတို့လဲ နှစ်သက်မှာပါ.........

ဒီလိုမျိုးလေးဆိုရင်ကော ရှပ်အင်္ကျီပွပွလေးကို ခုလိုဘောင်းဘီရှည်လေးနဲ့ စမက်ကျကျလေး တွဲဖက်ဝတ်ဆင်နိုင်ပါတယ်......

ဒါလေးကျတော့ လူငယ်ပုံစံလေးပေါ့ ပေါ့ပေါ့ ပါးပါးလေးပဲနော်.... သွက်သွက်လက်လက် ကောင်မလေးတွေနဲ့ အရမ်းလိုက်တယ်.........

ကဲဒို့ရဲ့ အချစ်တော်မင်းသမီးလေး သက်မွန်ကိုလဲ ကြည့်ပါဦး သူရဲ့ သင်္ကြန်ဒီဇိုင်းက လန်းတယ်နော်............

ကဲ ဒီစတိုလ်လေးဆို ရင်ကော ချစ်ဖို့ကောင်းတယ်နော် လွတ်လပ်ပေါ့ပါးပြီး စမက်လဲဖြစ်တယ်လေ........

ဒီလိုလေးကျတော့လဲ မြန်မာ့ရိုးရာချဉ်ထည်တွေနဲ့ ချုပ်ထားတဲ့ ၀တ်ဆုံလေးကလှနေပြန်ရောလေ မင်းသမီးမို့ လှတာမဟုတ်ဘူးနော် သူငယ်ချင်တို့လဲဝတ်ကြည့်ပါလှမှာသေချာပါတယ်......

ခုခေတ်မှာက စကတ်တိုလေးတွေ ၊ ဘောင်ဘီတိုလေးတွေ ၀တ်မှ လှတယ် ၊ခုခေတ် ဘန်းစကားနဲ့ဆို လန်းတယ်လို့ ထင်နေကြတဲ့ ကောင်မလေးတွေ အများကြီးပါ။ မိန်းကလေးပဲ လှချင်တာပေါ့ ၊လူကြားထဲသွားရင် လူတွေကြားထဲမှာ အလန်းဆုံးဖြစ်ချင်တာပေါ့ girl တို့ မိန်းကလေးတွေ

အနေနဲ့ အမြင်လဲမရိုင်းစေပဲ ကိုယ်အတွက် လဲစမက်ဖြစ်စေယ့် ဖက်ရှင်မျိုးကိုသာ ၀တ်ဆင်သင့်ကြောင်း

girl အနေနဲ့ ကြံပြုပါရစေ။သူငယ်ချင်းများ အားလုံး စမက်ကျကျလေးနဲ့ ကိုယ်ပိုင်ဖက်ရှင်လေးတွေနဲ့ လန်းနိုင်ကြပါစေလို့ girl ကဆုတောင်းပေးလိုက်တယ်နော်။

သြော် girl ရဲ့ ပထမဆုံး Post အတွက် သူငယ်ချင်းတွေ အားလုံးပဲ Comment လေးရေးပေးဖို့လဲ မမေ့နဲ့နော်.................

All-Rounder Girlhttp://www.blogger.com/profile/18236037916319574471noreply@blogger.com0tag:blogger.com,1999:blog-7267424333093279352.post-27680656816352189352012-07-23T21:38:00.000-07:002012-07-23T21:38:08.343-07:00All-Rounder Girl မှ ကြိုဆိုပ်၏ ။    ဒီနေ့နံနက် မိုးလင်းတော့ ကျမရင်တွေအရမ်းခုန်နေခဲ့ပါတယ် ဘာလို့လဲဆိုတော့ ကျမရဲ့ဘလော့ သစ်လေးမှာ ဘာတွေရေးရမလဲဆိုပြီးတော့ပေါ့ ခုမှစရမဲ့ ကျမရဲ့ All-Rounder Girl လေး လှပသွားအောင် ဗဟုသုတရစေမယ့် စာပေတွေ ၊ အလှအပ ကိုနှစ်သက်ကြသော မမတွေ ညီမလေးတွေ၊ ဖက်ရှင်နဲ့ ပက်သက်တဲ့ ဗဟုသုတတွေ ၊ လူသားတိုင်းရှောင်လွှဲလို့မရတဲ့ အချစ်ရေးချစ်ရာတွေ၊ ကျန်းမာရေး ဗဟုသုတာများ နဲ့ ဝေဆာလှပနေအောင် ဖန်တီးချင်တာက ကျမရဲ စိတ်ကူးလေးပါ။ ကျမရဲ့ စိတ်ကူးလေးတွေ အကောင်ထည်ဖော်ဖို့ အတွက် သူငယ်ချင်းများရဲ့ အားပေးမှုတွေ ကိုမျှော်လင့်ပါတယ်။ သူငယ်ချင်များ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီး လိုအင်ဆန္ဒ္ဒများ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။

All-Rounder Girlhttp://www.blogger.com/profile/18236037916319574471noreply@blogger.com0tag:blogger.com,1999:blog-7267424333093279352.post-46680930715202417792012-07-23T07:06:00.000-07:002012-07-23T07:06:09.514-07:00All-RounderGirl was born.သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ အရင်ဆုံးနှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင်..........

သူငယ်ချင်းများအားလုံးကို All-Rounder Girl မှ ကြိုဆိုပါရစေရှင်................

ဒီနေ့မှစပြီး သူငယ်ချင်းများအားပေးနေတဲ့ Blogger တွေထဲမှာ All-Rounder Girl ကိုလဲပါခွင့်ပြုပါရှင်.....All-Rounder Girlhttp://www.blogger.com/profile/18236037916319574471noreply@blogger.com0