Tuesday, August 7, 2012

အရေးကြီးတဲ့ သံယောဇဉ် နဲ့ နားလည်မှု

နှစ်ယောက်အတူနေတာ ကြာလာရင်
ကောင်မလေးက ကောင်လေးကို ပိုပိုချစ်လာတတ်တယ်
ကောင်လေးက လေးနက်မှု လျော့လျော့လာတတ်တယ်
ကောင်မလေးကို တောင်တွေးမြောက်တွေး တွေးလွန်းတယ်လို့ ကောင်လေးကပြောတယ်
ကောင်လေးက ကိုယ့်ကိုအရင်လို မချစ်တော့ဘူးလို့ ကောင်မလေးကထင်တယ်
တကယ်တော့ ဘယ်သူမှမပြောင်းလဲပါဘူး
ပြောင်းလဲသွားတာက အချိန်ပါ
အချင်းချင်းရင်းနှီးမှုတွေ တိုးတိုးလာတော့
တစ်ဘက်သားအပေါ် အကျင့်တွေဖြစ်လာခဲ့တယ်
ချစ်စကလောက် ရင်မခုန်ကြတော့ဘူး
ဒီလိုနဲ့ ကောင်မလေးက တောင်တောင်မြောက်မြောက်လျှောက်တွေးတော့တယ်

ဘယ်လိုပဲဖြစ်ဖြစ် အချစ်အပေါ် ပျင်းရိနေလို့မရဘူး
ယုယဖို့ ပျင်းတယ်၊ ချစ်တယ်လို့ပြောဖို့ ပျင်းတယ်၊ ဖုန်းဆက်ရဖို့ ပျင်းတယ်၊ နားလည်ပေးရဖို့ ပျင်းတယ်၊ .....
ချစ်စကြင်နာစက ရင်ခုန်ကြည်နူးတာတွေထက် ပျင်းရိနေခဲ့ရင်
အချစ်ဟာ ငြီးငွေ့စရာကောင်းသွားပြီး
နောက်ဆုံးမှာ တွေဝေ၊ လျှောက်တွေး၊ စွပ်စွဲ၊ ရန်ဖြစ်၊ လမ်းခွဲတာပဲကျန်ရစ်ခဲ့လိမ့်မယ်။
                                        နိုင်းနိုင်းစနေမှာ ဖတ်ခဲ့ရတဲစာစုလေးပါ အရမ်းသဘောကျ      နှစ်သက်မိခဲ့ပါတယ် girl တို့တွေလူဘ၀ကြီးမှာ ရှင်သန်နေထိုင်နေရတာ မျှော်လင့်ချက်များစွာနဲ့ 
အသက်ရှင်နေကြတာပါ။ အဲ့လိုမျှော်လင့်ချက်တွေထဲမှာ များသော်အားဖြင့် အချစ်ဆိုတဲ့ အရာလေးက
တော်တော်လေးကို နေရာယူလို့ထားပါတယ် ။ ငယ်ငယ်က (အချစ်ကြောင်း ဘာမှမသိခင်ကပေါ့)  "မင်းမရှိရင်ငါ့အသက်မရှင်ချင်တော့ဘူးဆိုတဲ့" စကားမျိုးကြားမိပါက အရမ်းကို ရယ်ချင်မိပါတယ် အပိုတွေပေါ့သူမရှိတော့လဲဘာဖြစ်သွားမှာမို့လဲပေါ့သူနဲ့မတွေ့ခင်ကလဲကိုယ့်ဘာသာနေလာတာအစဉ်ပြေနေတာပဲပေါ့ ........အဲ့.........အသက်ကလေးနဲနဲကြီးလာလို့အချစ်ကိုစတင်ထိတွေ့မိပါပြီဆိုတဲ့အချိန်ကစပြီ အဲ့လိုစကားမျိုးကြားမိပါ ရင်မှာ မချိအောင်ခံစားရတာကို သူငယ်ချင်းတို့လဲ ခံစားဖူးမှာပါ ။အချစ်က လူဘ၀မှာ အစိတ်ပိုင်းသေးသေးလေးပဲ အရေးပါတယ်လို့ပြောကြပေမယ့် သေချာတာကတော့ 50% အပြည့် မဟုတ်ရင်တောင် 45% အောက်မလျော့ဘူးလို့ girl ထင်ပါတယ် (အချစ်ကို ပေါ့ပျက်ပျက်နဲ့ အလေးနက်မထားပဲ ရှုပ်နေတဲ့သူတွေကိုတော့ မဆိုလိုပါ) ကောင်လေးက ကောင်မလေးချစ်တာကိုသိရင်
ကောင်မလေးက ကောင်လေးချစ်တာကိုသိရင် နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ပြီဆိုတာကိုသိရင် ဘယ်လောက်ခတ်ခဲတဲ့ပြသနာတွေရှိရှိ ၊ ဘယ်လောက်ပဲစိတ်ပျက်စရာတွေရှိရှိ ၊ဘယ်လောက်ပဲနစ်နာစရာတွေရှိရှိ ၊ဘယ်လောက်ပဲနာကြင်စရာတွေရှိရှိ ချစ်သူနှစ်ဦးကို ကွဲကွာစေမယ့် ပြသနာအားလုံးကို သံယောဇဉ်ဆိုတဲ့ကြိုးလေးရယ် နားလည်မှုပေးနိုင်တယ်ဆိုတဲ့ စိတ်လေးတွေက သူငယ်ချင်းတို့တွေရဲ့
ပြသနာအားလုံးကို ဖြေရှင်းပေးသွားပါလိမ့်မယ်။ သူငယ်ချင်းများအားလုံး ချစ်သောသူနှင့်သာ ဘ၀ကို
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ girl က ဆုတောင်းပေးလိုက်တယ်နော်။