Wednesday, July 25, 2012

ကိုယ်ပိုင် စတိုလ်နဲ့ လန်းကြရအောင်

            Girl ရဲ့ ပထမဆုံး Post အနေနဲ့ Fashion နဲ့ ပက်သက်တာလေးရေးချင်ပါတယ် ခုခေတ်မှာ မိန်းခလေးတွေပဲ Fashion ကိုစိတ်ဝင်စားတာမဟုတ်ပါဘူး ယောကျားလေးတွေလဲစိတ်ဝင်စားလာကြပါပြီ
ယနေ့ခေတ်မှာ ကျော်ကြားနေတဲ့ Korea Fashion တွေနဲ့ပက်သက်ပြီး နဲနဲဆွေးနွေးကြည့်ရအောင်။ သူတို့ရဲ့  Fashion များကို လူငယ်တစ်ယောက်ဖြစ်သော girl လဲ နှစ်သက်မိပါ၏ miniskirt တိုတို လေးများကိုလဲ  နှစ်သက်မိပါတယ် ။ ကိုရီးယား ဖက်ရှင်တွေကို ကျမတို့အနေနဲ့ကျတော့ နေရာတိုင်း ၀တ်လို့မသင့်တော်ပါဘူး.။ ကျမတို့နိုင်ငံက ယဉ်ကျးသိမ်မွေ့တယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုခံထားရတဲ့  မြန်မာနိုင်ငံဖြစ်နေလို့ပါပဲ ဒီတော့ ကျမစဉ်းစားမိတာက ခေတ်မှီမှီလေးနဲ့ လုံလုံခြုံခြုံ ၀တ်လို့ရမယ်ပုံစံမျိုးပေါ့ သူများအမြင်မှာလဲ ကိုယ်က ခေတ်မှီပြီးစမက်ဖြစ်နေရမယ်။ girl အနေနဲ့ အကြံပေးချင်တာကတော့ မိန်းကလေးများသည် ကိုယ်ပိုင်အလှကိုယ်ဆီရှိကြလို့ ကိုယ်ပိုင် စတိုင်လေးတွေရှိစေချင်တယ် ဒါကြေင့် girl က သူငယ်ချင်းများ ကိုယ်နဲ့လိုက်မယ့် ပုံစံလေးတွေ ရွေးချယ်ရာမှာ အထောက်ကူဖြစ်စေဖို့ လုံလုံခြုံခြုံ လေးနဲ့ လန်းမယ် ပုံလေးတွေ တင်ပေးထားတယ်နော် သူငယ်ချင်းတို့လဲ နှစ်သက်မှာပါ.........

ဒီလိုမျိုးလေးဆိုရင်ကော ရှပ်အင်္ကျီပွပွလေးကို ခုလိုဘောင်းဘီရှည်လေးနဲ့ စမက်ကျကျလေး တွဲဖက်ဝတ်ဆင်နိုင်ပါတယ်......
ဒါလေးကျတော့ လူငယ်ပုံစံလေးပေါ့ ပေါ့ပေါ့ ပါးပါးလေးပဲနော်.... သွက်သွက်လက်လက်   ကောင်မလေးတွေနဲ့ အရမ်းလိုက်တယ်.........

 ကဲဒို့ရဲ့ အချစ်တော်မင်းသမီးလေး သက်မွန်ကိုလဲ ကြည့်ပါဦး သူရဲ့ သင်္ကြန်ဒီဇိုင်းက လန်းတယ်နော်............

ကဲ ဒီစတိုလ်လေးဆို ရင်ကော ချစ်ဖို့ကောင်းတယ်နော် လွတ်လပ်ပေါ့ပါးပြီး စမက်လဲဖြစ်တယ်လေ........
ဒီလိုလေးကျတော့လဲ မြန်မာ့ရိုးရာချဉ်ထည်တွေနဲ့ ချုပ်ထားတဲ့ ၀တ်ဆုံလေးကလှနေပြန်ရောလေ မင်းသမီးမို့ လှတာမဟုတ်ဘူးနော် သူငယ်ချင်တို့လဲဝတ်ကြည့်ပါလှမှာသေချာပါတယ်......
        
  ခုခေတ်မှာက စကတ်တိုလေးတွေ ၊ ဘောင်ဘီတိုလေးတွေ ၀တ်မှ လှတယ် ၊ခုခေတ် ဘန်းစကားနဲ့ဆို လန်းတယ်လို့ ထင်နေကြတဲ့ ကောင်မလေးတွေ အများကြီးပါ။ မိန်းကလေးပဲ လှချင်တာပေါ့ ၊လူကြားထဲသွားရင် လူတွေကြားထဲမှာ အလန်းဆုံးဖြစ်ချင်တာပေါ့ girl တို့ မိန်းကလေးတွေ
အနေနဲ့ အမြင်လဲမရိုင်းစေပဲ ကိုယ်အတွက် လဲစမက်ဖြစ်စေယ့် ဖက်ရှင်မျိုးကိုသာ ၀တ်ဆင်သင့်ကြောင်း
girl အနေနဲ့ ကြံပြုပါရစေ။သူငယ်ချင်းများ အားလုံး စမက်ကျကျလေးနဲ့ ကိုယ်ပိုင်ဖက်ရှင်လေးတွေနဲ့ လန်းနိုင်ကြပါစေလို့ girl ကဆုတောင်းပေးလိုက်တယ်နော်။


သြော် girl ရဲ့ ပထမဆုံး Post အတွက် သူငယ်ချင်းတွေ အားလုံးပဲ Comment လေးရေးပေးဖို့လဲ မမေ့နဲ့နော်.................

No comments:

Post a Comment