Friday, July 27, 2012

သင်သတိမထားမိသော အချို့သောအရာများ.......

  Girl တို့အနေနဲ့ တစ်ချို့နေရာတွေမှာ သတိမထားမိတာလေးတွေရှိကြပါတယ် အဲ့လို သတိမထားမိတာလေးတွေ ကနေ ဖြစ်တတ်တဲ့ ဆိုးကျိုးလေးတွေ သူငယ်ချင်းများလည်း သိရအောင်လို့ girl ဖတ်မိသမျှလေးတွေ ကိုပြန်လည်ဝေမျှလိုက်ရပါတယ် ။

အလှပြင် ပစ္စည်းများ ကြောင့် ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ခြေ များအလှကုန်  

ခန္ဓာကိုယ် တွင်းမှာ Phthalates အမည် ရှိ ဓာတု ပစ္စည်းများ စုပုံ လာ ခြင်းနှင့် အမျိုး သမီးများတွင်ဆီးချို   သွေးချိုရောဂါဖြစ်နိုင်ခြေမြင့်မားခြင်းတို့ ဆက်စပ်နေပါတယ်လို့ ဘရင်ဟမ်အမျိုးသမီးဆေးရုံမှ သုတေသီများက တွေ့ရှိ ခဲ့ကြပါတယ်။ Phthalates များဟာ ခန္ဓာကိုယ်တွင်းဟော်မုန်းများကို အနှောင့် အယှက်ဖြစ်စေသော ပစ္စည်းများဖြစ်ပြီး အလှအပဆိုင်ရာပစ္စည်းများ (အစိုဓာတ်ခံ လိမ်းဆေး (Moisturizer) ၊ လက်သည်း နီ၊ ဆပ်ပြာ၊ ဆံပင်ပုံသွင်းဖျန်းဆေး၊ ရေမွှေးစသည်) တို့တွင် ပါဝင်နေပါတယ်။ ထိုဓာတုပစ္စည်းကို ကော်၊ လျှပ်စစ် ပစ္စည်းများ၊ အရုပ်နှင့် အခြားအရာဝတ္ထုများထုတ်လုပ်ရာတွင် အသုံးပြုကြပါ တယ်။ ယခုတွေ့ရှိချက်ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေးရှုထောင့်များ ဂျာနယ်တွင် ဖော်ပြထားပါတယ်။

ဝသောသူငယ်ချင်းများကြောင့် ဝလာနိုင်တယ်တဲ့နော်.......

ဝသောသူငယ်ချင်းများကြောင့် ဝလာနိုင် ဆယ်ကျော် သက်အရွယ် များ တွင် ကိုယ် အလေးချိန် တိုးလာရ သည့် အကြောင်း ရင်းတစ်ခုမှာ ဘေးပတ် ဝန်းကျင်က သူငယ်ချင်းများကြောင့် ဖြစ်နိုင်ပါတယ်။ အထက်တန်း  ကျောင်းသား၊ ကျောင်းသူများကို လေ့လာခဲ့တဲ့  သုတေသနတစ်ခုအရ ဆယ်ကျော်သက်တွေဟာ ကိုယ် အလေးချိန်များတဲ့ သူငယ်ချင်းများနှင့် တွဲလျှင် ယင်းတို့ကိုယ်တိုင်လည်း ကိုယ်အလေးချိန်တိုးလာနိုင်ကြောင်း သိရှိရပါတယ်။ ပိန်တဲ့သူငယ်ချင်း များနှင့် တွဲသူများက ကိုယ်အလေး ချိန်ကျလာတတ်ပါတယ်တဲ့။ ဆယ် ကျော်သက်များတွင် အဝလွန်ခြင်းကို တိုက်ထုတ်ရာမှာ အဓိကကျတဲ့တွေ့ ရှိချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်အ လေးချိန်လျှော့ချတဲ့အခါ လူတစ်ဦး ရဲ့လူမှုအသိုင်းအဝိုင်းကို ထည့်သွင်း စဉ်းစားရမှာဖြစ်ကြောင်း သုတေသီ များက အကြံပေးကြပါတယ်။ ဖြစ် စဉ်အကြောင်းရင်း အတိအကျကို မတွေ့ရှိရသေးဘဲ ဝသောသူငယ်ချင်း များနှင့် ကိုယ်အလေးချိန်မြင့်တက်လာ မှု ဆက်စပ်နေကြောင်းသာ သိရှိရပါ တယ။်   

ကိုယ်အလေးချိန် ထိန်းနေသူတို့အတွက် အဆိုးဆုံး အရည်များ

အချိုရည်ကိုယ် အလေးချိန် လျော့ကျဖို့ ကြိုးစား နေရင် ဒါမှ မဟုတ် ပိုပြီး ကျန်းမာရေး နဲ့ ညီညွတ် တဲ့ ဘဝနေထိုင်မှုပုံစံကို လိုက်နာနေရင် သင်သောက်တဲ့ အရည်တွေကို လည်း အလေးထားရပါမယ်။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းနေသူတွေ သတိထား ရှောင်ကြဉ်သင့်တဲ့ အရည်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Juice Juice
အရည်အများစုမှာ သကြားများစွာ ထည့်ထားတာကြောင့် သင့်ကျန်းမာရေး အတွက် ၁၀ဝ ရာခိုင်နှုန်း Juiceကိုပဲ ရွေးချယ်သင့်ပါတယ်။
(၂) အမြှုပ်ထသော ခရင်မ်ပါကော်ဖီ
ဒီကော်ဖီတစ်ခွက်မှာ ကယ်လိုရီ ၈၀ဝ ကျော်နဲ့ သကြား ၁၇၀ ဂရမ်တို့ ပါဝင်ပါ တယ်။ ဒီလို ကယ်လိုရီများများ မရရှိစေဖို့ အဆီထုတ်ထားတဲ့ နို့ပါတဲ့ အမြှုပ်မထတဲ့ ရိုးရိုးကော်ဖီကိုပဲ သောက်သင့်ပါတယ်။
(၃) အနံ့အရသာထည့်ထားသော ရေ (Flavoured Water)
ဗီတာမင် အားဖြည့်ထားတယ်ဆိုပေမယ့် အများအားဖြင့် ဆေးသကြားတွေ ပါဝင် နေတတ်ပါတယ်။ ဒါကြောင့် အညွှန်းမှာ ရေနဲ့ သဘာဝအနံ့အရသာပါတယ်လို့ ရေး ထားမှသာ ရွေးချယ်ပါ။ (၄) ဆော်ဒါအချိုရည် (Soda) ဆော်ဒါအချိုရည်ကို များများသောက်ရင် အဝလွန်တာနဲ့ ဆက်စပ်နေပါတယ်။
(၅) အေးခဲနေသော အရောင်ဆိုးထားသည့် အရည်များ
အရောင်ဆိုးထားတဲ့ အချိုရည်တွေက အရောင်တု၊ အရသာအတုနဲ့ အချိုတုတွေ ထည့်ထားတတ်ပါတယ်။
(၆) အဆင်သင့် သစ်သီးဖျော်ရည်
ဈေးကွက်ထဲမှာ အဆင်သင့်ရနိုင်တဲ့ သစ်သီးဖျော်ရည်အများစုက တကယ့်သစ်သီး တွေနဲ့ လုပ်ထားတာမဟုတ်ဘဲ သစ်သီးနံ့လေးထည့်ကာ သကြားတွေနဲ့ လုပ်ထားတာပါ။ အညွှန်းကို သေချာဖတ်ပြီးမှ ဝယ်သင့်ပါတယ်။
(၇) အရက်
အမျိုးသားဖြစ်ရင် တစ်နေ့ နှစ်ပက်၊ အမျိုးသမီးဖြစ်ရင် တစ်နေ့ တစ်ပက်ခန့် သောက်ရုံနဲ့ အဝလွန်တာနဲ့ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ ကြောင့် အရက်ကို မသောက်ဘဲ မနေနိုင်ရင် တတ်နိုင်သမျှ ထိန်းချုပ်သောက်ပါ။
(၈) ရယ်ဒီမိတ် ရှောက်ရည်၊ သံပရာရည် (Lemonade)
ဈေးကွက်ထဲက အဆင်သင့်သောက်နိုင်တဲ့ ရှောက်ရည်နဲ့ သံပရာရည်တို့ကို ရှောင် ပါ။ တာရှည်ခံစေတဲ့ ပစ္စည်းတွေနဲ့ ဆိုးဆေးအရောင်တွေ ပါဝင်နေလို့ပါ။ အိမ်မှာပဲ သံပရာသီး၊ ရှောက်သီးကိုအသုံးပြုပြီး ဖျော်ရည်ဖျော်သောက်ပါ။ သကြားအစား ပျားရည် ထည့်သောက်ပါ။
(၉) အားကစားအချိုရည် (Sport Drink)
အားကစားလုပ်ရင်း ချွေးထွက်များတဲ့အခါ ဓာတ်ဆားရည်က အရေးပါပါတယ်။ ဒါပေမဲ့ အားကစားအချိုရည်မှာ သင့်ကျန်းမာရေးနဲ့ မသင့်တော်တဲ့ သကြားအများ အပြားနဲ့ တာရှည်ခံစေတဲ့ပစ္စည်းတွေ ပါဝင်နေပါတယ်။
(၁၀) စွမ်းအားဖြည့်အချိုရည် (Energy Drinks)
စွမ်းအားဖြည့်အချိုရည်ကို သောက်ပြီးတာနဲ့ ချက်ချင်းစွမ်းအင်ရရှိစေနိုင်ပေမယ့် ယာယီပဲ အဆင်ပြေပါလိမ့်မယ်။ အကြောင်းကတော့ ဒီအချိုရည်အများစုမှာ သကြားနဲ့ ကဖင်းဓာတ်တွေ အလွန်အမင်း ထည့်ထားတတ်လို့ပါ။

                                   

No comments:

Post a Comment